Home သတင်း စစ်တပ်၏ ပစ်ခတ်မှု‌ကြောင့် လူငယ်နှစ်ဦး ‌သေဆုံး၊ တစ်ဦး မျက်လုံးထိမှန်

စစ်တပ်၏ ပစ်ခတ်မှု‌ကြောင့် လူငယ်နှစ်ဦး ‌သေဆုံး၊ တစ်ဦး မျက်လုံးထိမှန်

4504

ဧပြီလ ၁၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အ‌နောက်ဘက် တန် ၄၀၀ဝ ဘိလပ်‌မြေစက်ရုံအဝင်ဝရှိ ဖားအံ-သထုံသွား ကားလမ်းမ ‌ဘေးတွင် ဧပြီလ ၉ရက်‌နေ့ ည ၁၁နာရီခွဲခန့်က အမှတ်(၉၁၅) စစ်‌မြေပြင် အင်ဂျင်နီယာတပ်ရင်း တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု‌ကြောင့် လူငယ်နှစ်ဦး ‌သေဆုံးကာ တစ်ဦးမှာ မျက်လုံးတစ်ဖက် ‌ပေါက်ထွက် ဒဏ်ရာရရှိခဲ့သည်။

ထိုညက လူငယ်တစ်စုမှာ ဆိုင်ကယ်‌လေးစီးဖြင့် တပ်‌ရှေ့ကိုဖြတ်‌မောင်းကာ မ‌ကျေနပ်ချက်များကို ‌အော်ဟစ်သွားခဲ့ကြ သည်။ ထို့‌နောက် ည ၁၁နာရီ‌ကျော်အချိန်တွင် လူငယ်သုံးဦးသည် ၎င်းအင်ဂျင်နီယာတပ်ရင်းဂိတ်‌ရှေ့၌ တပ်သားများနှင့် စကားများခဲ့ကြရာမှ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်‌ကြောင်း ‌ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဖြစ်စဉ်ကို သိရှိသူတစ်ဦးက “ဆိုင်ကယ် ၄စီး‌အော်သွားတဲ့အထဲမှာ ပါတဲ့ခ‌လေးက စက်ရုံဝင်လာတဲ့လမ်း အုတ်ခုံမှာထိုင် ‌နေတဲ့ သူ့သူငယ်ချင်း‌တွေဆီ ‌ရောက်လာတယ်။ ပြီး‌တော့ (၉၁၅)တပ်က သူ့‌ကောင်မ‌လေးကို သွား‌တွေ့ချင်တယ်။ ‌စော ‌စောကမ‌တွေ့ခဲ့ရလို့ ထပ်သွားဖို့ သုံး‌ယောက်သား Bluetooth box ‌လေးနဲ့ သီချင်းဖွင့်ပြီး သွားကြတယ်။ ဂိတ်ဝ‌ရောက် ‌တော့ ဟိုက သူတို့ကို ‌ပေးမဝင်ဘူး။ ‌ပေးမဝင်‌တော့ နည်းနည်း စကားများကြပြီး ပြန်အလှည့်မှာ ခုနက (ရည်းစား) သွား ‌တွေ့တဲ့‌ကောင်‌လေးက ဆဲလိုက်‌တော့ ဟိုက ‌သေနတ်နဲ့ပစ်လိုက်တာ ဆိုင်ကယ်အ‌နောက်က ‌ကောင်‌လေးကို မျက်လုံး ထိပြီး ဆိုင်ကယ်‌ပေါ်က ပြုတ်ကျသွားတယ်။ သူပြုတ်ကျချိန်ထိ သူ့သူငယ်ချင်း‌တွေက မ‌သေ‌သေးဘူးလို့ ‌ပြောတယ်။ ခ‌လေး‌တွေကလည်း နည်းနည်း‌တော့ ဘီယာမူး‌နေကြတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ဖြစ်ပျက်ပြီး‌နောက် စက်ရုံဝန်ထမ်းများ‌နေထိုင်ရာ အိမ်ရာများ၏ အ‌နောက်ဘက် ‌တောထဲတွင် “လိုက်‌ဟေ့၊ လိုက် ကြ”ဆို‌သောအသံများဖြင့် ‌ပြေးလွှား‌အော်ဟစ်သံများကို ကြားခဲ့ကြရသည်ဟု ဆိုသည်။ ‌သေဆုံးသွားသူ လူငယ်နှစ်ဦး၏ အ‌လောင်းကို သွားကြည့်ခဲ့သူများ၏ ‌ပြောပြချက်အရ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာနှင့် နားထင်များ၌လည်း ‌သေနတ် ဖြင့်ပစ်ခတ်ထားသည်ကို ‌တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

၎င်းက “သွားကြည့်တဲ့ မျက်မြင်‌တွေရဲ့ အ‌ပြောအရ ရင်ဘတ်‌တွေ၊ ‌နောက်‌ကျော‌တွေမှာ အညိုအမည်းစွဲတဲ့ ဒဏ်ရာဒဏ် ချက်‌တွေရှိတယ်။ ပြီးကျ‌တော့ ခ‌လေးနှစ်‌ယောက်စလုံးမှာ တစ်‌ယောက်က နားထင်‌ဖောက်ထွက်သွားတယ်။ ‌နောက် တစ်‌ယောက်က နားထင်‌ဖောက်မထွက်ဘူး။ အဲ့မှာ ခ‌လေးတစ်‌ယောက်က လက်ညှိုးနဲ့လက်မကြား ကြယ်ရုပ်ထိုးထား တယ်။ ပြီး‌တော့ နဖူးနားမှာလည်း ကြယ်ရုပ်ထိုးထားတယ်။ အဲဒါကို ဓားနဲ့လှီးပြီး ဖျက်ပလိုက်တယ်။”ဟု ‌ပြောသည်။

(၉၁၅)တပ်ရင်းအနီးတွင် ကန်သာဦးလက်ဖက်ရည်ဆိုင်ရှိပြီး ၎င်းတို့လိုက်လံဖမ်းဆီးသည့် လူငယ်နှစ်ဦးကို ယင်းဆိုင်၏ ‌ရှေ့တည့်တည့် လမ်းတစ်ဖက်ခြမ်း ‌မြေကွက်လပ်အထိ ဖမ်းဆီး‌ခေါ်‌ဆောင်သွားကာ ပစ်သတ်လိုက်ခြင်းဖြစ်နိုင်‌ကြောင်း ခန့်မှန်း‌ပြောဆို‌နေကြပြီး ယ‌နေ့(ဧပြီ ၁၁ရက်)အချိန်ထိ နှစ်‌ပေပတ်လည်အကျယ် ‌သွေးကွက်မှာ ကျန်ရှိ‌နေဆဲဖြစ်သည် ဟု သိရသည်။

‌သေဆုံးသွားသူ လူငယ်နှစ်ဦးမှာ စက်ရုံအနီးရှိ ရပ်ကွက်တွင် ‌နေထိုင်ကြသူများသာဖြစ်ကြပြီး မျက်လုံးတစ်ဖက် ကျွတ် ထွက်ကာ နှာ‌ခေါင်းရိုးထိခိုက်သွားသည့်လူငယ်မှာ အခင်းဖြစ်သည့်ညက စက်ရုံဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်ရှိအချိန်တွင် ၎င်းအား ‌မော်လမြိုင်‌ဆေးရုံမှတဆင့် ရန်ကုန်သို့ ‌ဆေးကုသရန် ပို့‌ဆောင်ထားရ‌ကြောင်း မိသားစုဝင် များနှင့် နီးစပ်သူများက ‌ပြောဆို‌နေကြသည်။

သို့‌သော် ဧပြီလ ၁၁ရက်‌နေ့ထုတ် စစ်တပ်ပိုင် မြဝတီသတင်းစာထဲတွင် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ နယ်‌မြေခံတပ် ၌ လုံခြုံ‌ရေး‌ဆောင်ရွက်‌နေသည့် တပ်ဖွဲ့ဝင်များအနီးသို့ ဧပြီလ ၁ဝရက် မနက် ၁နာရီခန့်တွင် ဖားအံ-သထုံကားလမ်းအ တိုင်း DAIYANG-125 အမျိုးအစားဆိုင်ကယ်အား စီးနင်း‌မောင်းနှင်လာသည့် ဆူပူအကြမ်းဖက်သူလူတစ်စုက နယ်‌မြေခံ တပ်၏ အမှတ်(၂)ဂိတ်‌ရှေ့အ‌ရောက်၌ ဆိုင်ကယ်ရပ်တန့်၍ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုပြီး ဂိတ်ကင်း‌နေရာသို့ ချဉ်းကပ်လာသဖြင့် သတိ‌ပေး‌ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူတစ်စုက ရပ်တန့်ခြင်းမရှိဘဲ ဂိတ်ကင်းသို့ ဆက် လက်ချဉ်းကပ်လာသည့်အတွက် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်ဖြင့် ၄ချက် ထပ်မံပစ်ခတ်ခဲ့သည်ဟု ‌ဖော်ပြ ထားသည်။

“သူတို့(စစ်တပ်)ဘက်က ‌ပြောတာက တုတ်‌တွေ၊ ဓား‌တွေနဲ့ ဆူပူပြီး‌တော့ တက်လာလို့ သူတို့ပစ်ရတယ်‌ပြောတယ်။ စက်ရုံက လူကြီး‌တွေကိုယ်တိုင် အဲလို‌ပြော‌နေတယ်။ အမှန်တကယ်က အဲလိုဆူပူဆန္ဒပြမှု လုံးဝ မဟုတ်ဘူး။ မျက်လုံး ထိတဲ့ ‌ကောင်‌လေးက ဝန်ထမ်း။ တကယ်ဆို ‌သေသွားတဲ့နှစ်‌ယောက်ကို မိပြီး ရိုက်နှက်ပြီးရင်လည်း စက်ရုံမှာအပ်လို့ရှိ ရင် ရတယ်။ ဒီ‌လောက်အထိ လက်လွတ်စပယ် လုပ်စရာ မလိုဘူး‌လေ။”ဟု ရပ်မိရပ်ဖတစ်ဦးက မှတ်ချက်ပြု‌ပြောဆို သည်။

မြိုင်က‌လေး‌ကျေးရွာရှိ တန် ၉၀ဝ အမှတ်(၁)ဘိလပ်‌မြေစက်ရုံနှင့် လှာကာ‌ကျေးရွာရှိ တန် ၄၀၀ဝ အမှတ်(၂) ဘိလပ်‌မြေ စက်ရုံများကို စစ်တပ်ပိုင် မြန်မာ့စီးပွား‌ရေး‌ကော်ပို‌ရေးရှင်း(MEC)က စီမံခန့်ခွှဲလုပ်‌ဆောင်‌နေခြင်းဖြစ်ပြီး ‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့ စစ်အာဏာသိမ်းခဲ့ပြီးသည့်‌နောက်ပိုင်း အမှတ်(၁)စက်ရုံ၏စာသင်‌ကျောင်းထဲ၌ စစ်တပ်က လာ‌ရောက်တပ်စွဲ ထားသည်မှာ တစ်လခန့်ရှိပြီဖြစ်‌ကြောင်း သိရသည်။

ထိုနယ်‌မြေတစ်ဝိုက်တွင် စစ်‌ကောင်စီ၏ နယ်‌မြေခံတပ်များဖြစ်ကြသည့် တပ်မ(၂၂)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း ခမရ(၂၀၄)နှင့် ခမရ(၂၀၅)တပ်ရင်းများအပြင် အမှတ်(၉၁၅) စစ်‌မြေပြင် အင်ဂျင်နီယာတပ်ရင်းကလည်း အ‌ခြေစိုက် လျှက်ရှိသည်။