Thursday, April 25, 2024

ကွတ်ခိုင်မြို့နယ် အတွင်း ပစ်ခတ်မှုဖြစ်

Must read

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ပါချီးကျေးရွာအနီးတွင် ယနေ့ (မေ ၁၃)ရက် မနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ မနက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ပါချီးကျေးရွာ အနီးတွင် ဖြစ်ပွားသည့် ပစ်ခတ်မှုသည် မည်သည့်အဖွဲ့မှ ပစ်ခတ် နေကြသည်ကို ဒေသခံများက မသိရှိကြသေးပေ။

“တိုက်ပွဲရယ်လို့တော့ မဟုတ်ဘူး။ ပစ်ခတ်မှုပါပဲ။ ဘယ်အဖွဲ့ဖြစ်လည်းဆိုတာတော့ ကျနော်တို့လည်း သေချာမသိရဘူး” ဟု ကွက်ခိုင်ဒေသခံ တစ်ဦး ကပြောသည်။

မေ (၄) ရက်နေ့မှ စတင်ပြီး ကွက်ခိုင်မြို့နယ် မန်ဘန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ (၅) ဦး လက်နက်ကြီး ထိမှန်ကာ လားရှိုးဆေးရုံသို့ ဆေးကုသမှု ပြုလုပ်ခဲ့ရာ လွန်ခဲ့သည့် ရက်ပိုင်းတွင် တဦး သေဆုံးခဲ့ကြောင်းသိရသည်။

“၄ ရက်နေ့က လက်နက်ကြီး ထိတဲ့ထဲက (၁) ယောက်တော့ ဆုံးသွားပြီ ပြီးခဲ့တဲ့ ၂ ရက်က ဆုံးသွားပါတယ်” ဟု ကွက်ခိုင်ဒေသခံ တစ်ဦးကပြောသည်။

ကွက်ခိုင်မြို့အနီးတဝှိက်တွင် မေ(၄) ရက်နေ့ကစတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့် (MNDAA)၊ တအာင်း(ပလောင်) TNLA တို့ ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား တိုက်ပွဲဖြစ်ပွားခြင်း၊ လက်နက်ကိုင်တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံ နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခြင်း၊ စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေရခြင်းများရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article