သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့ မြတောင်စစ်ဘေးရှောင်စခန်းမီးလောင်၍ နေအိမ်တစ်လုံးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 10.2k

ဆောင်းဇာခြည်

နိရဉ္စရာ၊ မေ ၅/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ မြတောင်စစ်ဘေးရှောင်စခန်း မေလ ၄ ရက်နေ့ က မီးလောင်၍ နေအိမ်တစ်လုံးဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။

 

၎င်းမီးမှာ မေလ ၄ ရက် ည ၁၁ ရက်နေ့အချိန်တွင် မြတောင်စစ်ဘေးရှောင်စခန်းရှိ  ဦးစိုးကျော်အောင်၏ နေအိမ် မီးဖိုမှတစ်ဆင့် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံ ဦး မောင်ခင်ညွန့်က ပြောသည်။

 

 

ဦးစိုးကျော်အောင်က ဆွေမျိုးအိမ်မှာ သွားအိပ်ပါတယ်။ သူ့ရဲ့ သမီးနှစ်ယောက်က အိမ်မှာ သူ့အဖေမရှိဘူးဆိုပြီး တခြားတစ်အိမ်မှာ သွားအိပ်ကြပါတယ်။ အဲဒီမှာ လူမရှိတော့ မီးသွေးဖိုက တစ်ဆင့် လောင်တယ်လို့ သူတို့ပြောပါတယ် ဟု ပြောသည်။

 

ဦးစိုးကျော်အောင်မှာ ဘူးသီးတောင်မြို့နယ်၊ သိုင်းတပုတ်ကျေးရွာမှ လာရောက်ခိုလှုံနေသူဖြစ်ကြောင်း သိရသည်။

 

မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်မှာ အလျား ၁၀ ပေ၊ အနံ ၈ ပေခန့်ရှိသော ဓနိမိုးနှင့် တာပေါ်လင်ကာ နေအိမ်ဆောင်ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် အိမ်အတွင်းရှိ အိုးခွက်ပန်းကန်များနှင့် အဝတ်အစားများ မီးလောင်ဆုံးရှုံးသွားကြောင်း ၎င်းက ပြောသည်။

 

ဦးခင်မောင်ညွန့်က မီး မီးလို့ အော်သံကြားလို့ ကျွန်တော်သွားကြည့်တော့ အိမ်က မီးလောင်နေပါပြီ။ အနားမှာ အုတ်ရေကန် ရှိပါတယ်။ အဲဒီရေကန်က ရေတွေနဲ့ စစ်ဘေးရှောင်တွေအကုန်လုံး မီးကို ဝိုင်းပြီး ငြိမ်းလိုက်တော့ တခြားအဆောင်တွေကို မကူးဘဲ ငြိမ်းသွားပါတယ် ဟု ဆက်ပြောသည်။

 

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၇၃၉ ဦးနှင့် အိမ်ထောင်စု ၁၆၀ စုရှိပြီး ၄င်းစခန်းကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စခန်းတွင် ဘူးသီးတောင်မြို့နယ်၊ ကွမ်းတောင်၊ နွားရုံတောင်၊ စပါးထား၊ စံဂိုးထောင်၊ သိုင်းတပုတ်၊ ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်း၊ ခရုချောင်း၊ ရေစိုးချောင်း စသည့် ကျေးရွာပေါင်း ၁၃ ရွာမှ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်လျှက်ရှိကြကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ